Company အသစ်တည်ထောင်ရင်
Company အသစ်တည်ထောင်ရင်
ဟုတ်ကဲ့ Private Company ဆိုရင်
ရုံးသွင်းငွေ 150,000 ,Extract Form 10,000
Company Name (Myanmar & English) ,ပါဝင်မဲ့ Director တစ်ဦးချင်းစီရဲ့ မှတ်ပုံတင်မိတ္တူ Address , Phone , Email ,Company Shares ,Director တစ်ဦး စီ ခွဲဝေယူမဲ့ Share ဆို လုံလောက်ပါပြီ
Company Extract form ထုတ်နည်း
(ထုတ်ရလွယ်ကူအောင် သေချာ ရှင်းပြထားပါတယ်ရှင်)
***Company Extract form သည် ကုမ္ပဏီ၏ အချက်အလက်များကို ဖော်ပြပေးသည့် DICA မှ ထုတ်ပေးသော form ဖြစ်သည်။
ကုမ္ပဏီ Extract form ကို ကုမ္ပဏီ ၏ အချက်အလက်များ ပြင်ဆင်ပြောင်းလဲ မှူ ပြုလုပ်ပြီးသည့်အချိန်တိုင်းတွင် ငွေ 10,000 ကျပ် သွင်း၍ ပြန်လည် ထုတ်ယူရပါသည်။
Extract form ထုတ်ရန်.....
*Browser မှ www.myco.dica.gov.mm သို့ ဝင်ရောက်ပါ.
*Login ကိုနှိပ်ပြီး User Name နှင့် Password ကို ရိုက်ထည့်ပါ.
*ငွေ 10,000 သွင်းရန် Main Menu တွင် FUND ACCOUNT ကိုရွေးပါ.
MPU or Debit Card ရွေးချယ်ပြီး ငွေ သွင်းပါ.
*ငွေ 10,000 သွင်းပြီးလျှင် Main Menu တွင် COMPANY I MANAGE ကို ရွေးချယ်ပြီး Click နှိပ်ပါ.
*ထိုထဲတွင် Register number (9) လုံး(အပြာရောင်) ကို နှိပ်ပါ၊Company Profile သို့ရောက်ပါမည်.
*Company Profile ထဲ တွင် အပြာရောင် Highlight (4)ခုတွင် Order Documents အား ထပ်မံရွေးချယ်ပါ.
*Order Documents သို့ရောက်သည့်အခါ Documents Available To Order မှ လေးထောင့် ဘောက် Select ကို နှိပ်ပြီး Company Extract K 10,000 ကို ရွေးချယ်ရပါမယ် ပြီးလျှင် Submit Click တစ်ချက်နှိပ်ပါ.
*Order Documents စာမျက်နှာမှာ အစိမ်းရောင် ဘောက်လေးထဲမှာ Pay Remainder form Client Balance လေးထောင့် ကို Click တစ်ချက်နှိပ်ပြီး အပေါ်ဆုံးမှာရှိသော Order Documents ကို နှိပ်လျှင် ရပါပြီ
*ထို့နောက် View Documents ကို နှိပ်လျှင် PDF file ကို download လုပ် ပြီး ထုတ်လို့ရပါပြီ.
*မိမိ ထုတ်ခဲ့သော Extract form များကို My Order တွင် ပြန်လည် ကြည့်ရှူ နိုင်ပါသည်
-------------------
Annual Return (AR) တင်နည်း
MyCO AC ထဲ ID နဲ့ Password ရိုက်ဝင်ပြီးရင် Manage My Work ထဲက Company I Manage ကို တစ်ချက်နှိပ်ပါ.
*ပြီးရင် Company မှတ်ပုံတင်အမှတ် ဂဏန်း ၉ လုံးကို ထပ်နှိပ်လျှင် Company Profile ကို မြင်ရပါမယ်.
*Company Profile အထဲက အပေါ်ဆုံးဘယ်ဘက်ထောင့်မှာ + ပုံလေးနှင့် New Filing ကို နှိပ်ပါ.
နောက် Form Category မှာ AR (Annual Return) ကိုရွေးချယ်ပေးရပါမယ်.
*Form Available to File နေရာတွင်လည်း AR (Annual Return) Form ကိုဘဲ ထပ်မံရွေးချယ်ပေးရပါမယ်.
ပြီးလျှင် အပေါ်ဆုံးက Submit အစိမ်းရောင်ဘောက်ကို နှိပ်လိုက်ရင် AR(Annual Return) Form ကကျလာပါမယ်.
*Form ကျလာပြီး Yes (or) No အားလုံးဖြည့်ပြီးလျှင် Save Draft အပြာရောင် ဘောက်ဘေးက Complete အစိမ်းရောင် ဘောင်ကို နှိပ်လိုက်ရင် AR(Annual Return) တင်ပြီးပါပြီ.
*
မှတ်ချက် ရုံးသွင်းငွေ MPU E-Commerce နဲ့ သွင်းလို့ရသလို Credit Card, Master Card, Visa Card တို့နဲ့လည်း သွင်းလို့ရသည်.
Comments
Post a Comment