Worst Boss

 အထက်လူကြီးဆိုးဆိုး (Worst Boss) တွေမှာ တွေ့ရတဲ့အချက် ၁၃ ချက်


1.Controlling (အရာရာကို ထိန်းချုပ်တယ်)
2.Indecisive (ဆုံးဖြတ်ချက် မပြတ်သားဘူး)
3.Stubborn (သူထင်တာ အမှန်ပဲ။ သိပ်ခေါင်းမာတယ်)
4.Resist Change (အပြောင်းအလဲကို လက်မခံဘူး)
5. Micromanage (အသေးစိတ်က အစ လိုက်ပါချင်တယ်)
6. Lead By Fear (ကြောက်အောင်လုပ်ပြီး အုပ်ချုပ်တယ်)
7. Visionless (ရေရှည်အတွက် ဘာမှအမြှော်အမြင် မရှိဘူး)
8. Favoritism (မျက်နှာလိုက်တယ်)
9. Arrogance (မိမိသာ အရေးကြီးဆုံး၊အတတ်ဆုံးလို့ထင်တယ်။ဘ၀င်မြင့်တယ်)
10. Angry (စိတ်ဆိုး၊စိတ်ကောက်၊ဒေါသကြီးတယ်)
11. Blame-Shifter (မှားတာရှိရင် သူများကိုပဲ အပြစ်လွှဲချတတ်တယ်။ ချီးကြူးခံရင်တော့သူပဲ ယူပြီး..)
12. Driven by emotion (အဆုံးအဖြတ်ပေးစရာတွေကို အချက်အလက်ပေါ်မူတည် ပြီး မစဉ်းစားပဲ စိတ်လှုပ်ရှားနဲ့ပဲ ဆုံးဖြတ်တယ်)
13. Neglet team building (အဆိုးဆုံး boss တွေကတော့ team အဖွဲ့တည်ဆောက်ပြီး လုပ်ရမှန်းကို မသိဘူး။)

ကျနော်ဒီ postကိုရှယ်တဲ့ရည်ရွယ်ချက်က..အခု အကြီးအကဲခေါင်းဆောင်နေရာမှာ ရောက်နေသူတွေရော၊နောင် အနာဂါတ်မှာ ဖြစ်လာမဲ့သူတွေရော..ဒီအချက်တွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို Check- list တစ်ခု အနေနဲ့ဆန်းစစ်စေချင်တာပါ။ငါ့မှာဘယ်လို ပြင်ရအုန်းမယ့်စရိုက်တွေ ရှိသလဲ..ဆိုပြီးတော့ပါ။ ငါ့မှာ..ဒေါသကြီးတဲ့စရိုက်တွေ ရှိနေသလား။ မျက်နှာလိုက်တဲ့ စရိုက်တွေ ရှိနေသလား။ ဘ၀င်မြင့်တာတွေ ရှိနေသလား..အစရှိသဖြင့်ပါ။တကယ်တော့သူများကို ဝေဖန်ရတာ လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြင်ရတာ တကယ်ခက်ပါတယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကို ပြင်တာဟာ အကျိုးအရှိဆုံးပါပဲ။ တဦးချင်းကောင်းရင် ကိုယ့်နေတဲ့လူ့အဖွဲ့အစည်းလဲ ကောင်းတာပဲ မဟုတ်လား
Source: Jeff Fermin’s post

Comments

Popular Posts